Home » , » ESSENTIAL PHONE ကို ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြန့်ချိမည်ဟု ANDY RUBIN ပြောကြား

ESSENTIAL PHONE ကို ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြန့်ချိမည်ဟု ANDY RUBIN ပြောကြား




ဖြန့်ချိဖို့ နှောင့်နှေးကြန့်ကြာနေတဲ့ Essential Phone ကို ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြန့်ချိသွားမယ်လို့ Android တည်ထောင်သူနဲ့ Google အမှုဆောင်ဟောင်း Andy Rubin က သောကြာနေ့က ပေးပို့ခဲ့တဲ့ email မှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ email မှာ Essential ကုမ္ပဏီသစ်အနေနဲ့ တရားဝင်အသိအမှတ်ပြုလက်မှတ်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်တွေအတွက် အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့အတူ အပြင်းအထန်ကြိုးပမ်းနေပါတယ်လို့ Andy Rubin က ဆိုပါတယ်။

မေလကုန်ပိုင်းက ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ Essential Phone ကို မူလက ဇွန်လမှာ ဖြန့်ချိဖို့ သတ်မှတ်ထားပေမယ့် အခုအခါ သြဂုတ်လနောက်ပိုင်းမှသာ တွေ့မြင်ရဖို့ရှိပါတယ်။

Essential Phone မှာ ၅.၇ လက်မ 1,312 x 2,560 touchscreen နဲ့ Qualcomm ရဲ့ Snapdragon 835 SoC ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပြီး storage က 128GB ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး ဘက်ထရီက 3,040mAh ဖြစ်တယ်လို့ သိရပါတယ်။

ကျေးဇူးတင်ပါတယ်

SweSone Myanmar

www.internetpagess.blogspot.com






Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates