Home » » မြောက်ဥက္ကလာဆေးရုံကြီးက ဆရာဝန်တဦး H1N1 ကူးစက်ခံရ

မြောက်ဥက္ကလာဆေးရုံကြီးက ဆရာဝန်တဦး H1N1 ကူးစက်ခံရ



ရန်ကုန်မြို့ မြောက်ဥက္ကလာဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီး ဘွဲ့လွန်ပညာ ဆည်းပူးနေတဲ့ ဆရာဝန်တဦး H1N1 ကူးစက်ခံနေရပါတယ်။

H1N1 ဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ချင်းပြည်နယ်မှာ စတင် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာပါ ရောဂါ ကူးစက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ H1N1 ဝက်တုပ်ကွေး အပြင် H5N1 ကြက်ငှက်တုပ်ကွေးနဲ့ ရာသီအလိုက်တုပ်ကွေး ရောဂါတွေဟာ ရန်ကုန်မြို့ အပြင် တခြားပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသတွေမှာ တွေ့ရှိထားပြီး လူအသေအပျောက်ရှိတဲ့အပြင် ကြက်တွေ အစုလိုက် အပြုံလိုက် သေဆုံးနေတဲ့အတွက် လူထုကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဝက်တုပ်ကွေးဖြစ်ပွားနေပေမယ့် လောလောဆယ် အိမ်းနီးချင်းနိုင်ငံတွေကို တိုက်ရိုက် ကူးစက်ပြန့်နှံ့သွားမှာ မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ မစ္စတာ ဂရက်ကိုရီဟန့်ကို ဘီဘီစီ ကို ပြောပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ နေရာဒေသမရွေး လူမျိုးဘာသာမရွေး ကူးစက်ပြန့်နှံ့ နိုင်ပြီး H1N1 ကြောင့် နှစ်စဉ် သေဆုံးသူဦးရေက နှစ်သိန်းငါးသောင်းကနေ ငါးသိန်းအထိ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မစ္စတာ ဂရက်ကိုရီဟန့်က ပြောပါတယ်။

ဒါပေမယ့် ဒီရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိတဲ့အတွက် စိုးရိမ်မှု မလွန်ကဲဖို့ သူက ဘီဘီစီကို ပြောခဲ့သည်။

ဒီရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ နေရာမှာ အဲဒီကာကွယ်ဆေး အလုံအလောက်ရှိဖို့လိုတယ်လို့ မစ္စတာ ဂရက်ကိုရီဟတ်က ပြောပြသွားပါတယ်။

ယခုနောက်ဆုံးအချိန်အထိ သတင်းရရှိချက်အရ H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိနေပြီး ကူးစက်ခံရသူ ၃၀ ကျော် ရှိနေပါတယ်။

RFA Burmese



ကျေးဇူးတင်ပါတယ်

SweSone Myanmar

www.internetpagess.blogspot.com






Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates