Home » » LYFT ရဲ့ မောင်းသူမဲ့ကားဝန်ဆောင်မှုကို နှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်မည်

LYFT ရဲ့ မောင်းသူမဲ့ကားဝန်ဆောင်မှုကို နှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်မည်





ဒီနှစ်ကုန်ပိုင်းမှာ ဖောက်သည်တွေအနေနဲ့ လမ်းမတချို့မှာ မောင်းသူမဲ့ကားတွေကို ခေါ်ယူစီးနင်းနိုင်မယ်လို့ တက္ကစီအငှားဝန်ဆောင်မှု ကုမ္ပဏီ Lyft ကပြောလိုက်ပါတယ်။

Lyft ရဲ့ မောင်းသူမဲ့ကားအစီအစဉ်ကို ဘော်စတွန်မြို့မှာ ကနဦးမိတ်ဆက်ဖို့ရှိပြီး နောက်ပိုင်းမှာတော့ အခြားမြို့တွေအထိ တိုးချဲ့သွားဖွယ်ရှိပါတယ်။ အစီအစဉ်မှာ ကားအစီးရေ ထောင်ပေါင်းများစွာ ပါဝင်လာနိုင်တယ်လို့ ကုမ္ပဏီအရာရှိတွေက ပြောခဲ့ပါတယ်။ မောင်းသူမဲ့ကားစီးနင်းမယ့်သူတွေရဲ့ ခရီးစဉ်လမ်းကြောင်း၊ ယာဉ်လမ်းကြောင်း၊ ရာသီဥတုနဲ့ နေ့တစ်နေ့ရဲ့အချိန်စတဲ့ အခြေအနေအတိအကျ အပေါ်မူတည်ပြီး မောင်းသူမဲ့ကား စမ်းသပ်ပြေးဆွဲမှု အစီအစဉ်မှာပါဝင်တဲ့ ကားစီးနင်းသူတွေ ခေါ်ယူလိုက်တာနဲ့ အလိုအလျောက် လာရောက်ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီမောင်းသူမဲ့ကားတွေကို တည်ဆောက်ဖို့ Lyft က ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းထားပါတယ်။

“ဒါကို ခင်ဗျားမြင်တွေ့ရတော့မှာပါ။ လမ်းပေါ်မှာ မောင်းသူမဲ့ကားတွေကို ခင်ဗျားမြင်တွေ့ရတော့မှာပါ” လို့ Lyft ရဲ့ ထုတ်ကုန်အကြီးတန်း ဒါရိုက်တာ တက်ဂါမက်သီယာဆန်က ပြောခဲ့ပါတယ်။

အခြားကုမ္ပဏီတွေက အလိုအလျောက်ကားကို အများပြည်သူရှေ့မှာ စမ်းသပ်တဲ့ပုံစံအတိုင်း Lyft စီးနင်းသူဟာ ကားတွေရဲ့ ရှေ့ခုံမှာ စမ်းသပ်မှုမှာပါဝင်တဲ့ ယာဉ်မောင်းတစ်ဦးနဲ့ အတူထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheWashingtonPost


ကျေးဇူးတင်ပါတယ်

SweSone Myanmar

www.internetpagess.blogspot.com






Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates