Spider - Man: Homecoming[2017] မြန်မာစာတန်းထိုး
Posted by Aung Ko Latt
Posted on July 29, 2017
with No comments
Review
(HD မဖြစ်သေးပေးမယ့် ကြည့်လို့ အဆင်ပြေမယ့်အနေအထားတစ်ခုမှာရှိပါတယ် မအောင့်နိုင်သေးသူများကတော့ကြည့်နိုင်ပြီဖြစ်ပြီး HD ဖြစ်မှစောင့်မယ်ဆိုသူများကတော့ အနည်းငယ်ထပ်စောင့်ရပါဦးမယ်. )
ဒါရိုက်တာ ဂျွန်ဝက်စ်ရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ဝေဖန်ရေး သမားတွေရဲ့ အကောင်းဘက်က သုံးသပ်ချက်ရရှိထားကာ ကမ္ဘာ တစ်လွှားက ၀င်ငွေ ကန်ဒေါ်လာ ၂၅၆ သန်းကျော် ရရှိထားတဲ့ ဇာတ်ကားလေးပါ။
ပင့်ကူတစ်ကောင်လို အထူး စွမ်းရည်တွေရှိနေတဲ့ ပင့်ကူလူ သား (စပိုက်ဒါမန်း)ပီတာပါကာ ကို ဒီဇာတ်ကားမှာတော့ ဆယ် ကျော်သက်အရွယ်ကျောင်းသား လေးအဖြစ် မြင်တွေ့ရမှာပါ။
တခြားစူပါဟီးရိုးတွေလို ရင့် ကျက်မှုမရှိသေးတဲ့ ပီတာပါကာ ဟာ သူ့ကိုအချိန်ပြည့် စောင့် ကြည့်ထိန်းမတ်ပေးနေတဲ့ တိုနီစ တာ့ခ်ရဲ့ အုပ်ချုပ်မှုအောက်မှာ စူ ပါဟီးရိုးကြီးတစ်ယောက်လို ပုံစံ မျိုးနဲ့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပုံစံ မျိုးနဲ့သာရှိနေခဲ့ပါတယ်။
ပါကာဟာ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းနက်ဒ်နဲ့ သာမန်ရိုးရှင်း တဲ့ အထက်တန်းကျောင်းသား ဘ ၀ကို အတွဲညီညီဖြတ်သန်းနေသ လို လစ်ဇ်ဆိုတဲ့ မိန်းကလေးကို ပါ ကာစိတ်ဝင်စားနေခဲ့ပါတယ်။
သို့သော်လည်းပဲ ဗာလ်ချာ ဆိုတဲ့ လက်နက်ဆန်းတွေနဲ့ စူပါ ဗီလိန်တစ်ယောက်ပေါ်လာတဲ့အ ခါမှာတော့ ပါကာတစ်ယောက် သူ့ရဲ့ စူပါစွမ်းအားတွေကို မြှင့် တင်အသုံးချဖို့ ကြိုးပမ်းရပါတော့ တယ်။
အရင်ထွက်ရှိခဲ့တဲ့ စပိုက်ဒါ မန်းဇာတ်ကားတွေနဲ့ယှဉ်ရင် အ တော်လေးကို ကောင်းတယ်လို့ သုံးသပ်ချက်တွေ ရထားတဲ့ တော်မ်ဟော်လန်ရဲ့ သရုပ်ဆောင် ချက်ကို သာမန်ကျောင်းသားဘ၀ နဲ့ စူပါဟီးရိုးဘ၀နှစ်ခုကြားမှာ မ တူညီတဲ့စိတ်ခံစားချက်တွေကို အ ကောင်းဆုံးသရုပ်ဆောင်သွားနိုင် တယ်လို့ ရုပ်ရှင်ညွှန်းသူတွေက ဆိုထားတာမို့ တကယ်ဟုတ်၊ မ ဟုတ် ကိုယ်တိုင်သွားကြည့်ဖို့ညွှန်း လိုက်ပါတယ်။
ဒီဇာတ်လမ်းမှာ တော်မ် ဟော်လန်၊ ဒေါ်နယ်လ်ဂလိုဗာ၊ ဂွင်းနက်ပါလ်ထရိုး၊ ဂျက်ကော့ဘ် ဘက်တာလွန်၊ ဂျွန်ဖာဘရူ၊ မိုက် ကယ်ကီတန်၊ ရောဘတ်ဒေါင်နေ ဂျူနီယာ၊ ဇန်ဒါရာ စတဲ့ သရုပ် ဆောင်တွေ ပါဝင်ထားတာဖြစ်ပါတယ်။ ။
Review Credit to 7day Daily
Translate by: Yar Su
Encode by: Sai Ko
Quality 720P HDTC
Size 800MB
Credit-Gole Channel
DownLoad
ကျေးဇူးတင်ပါတယ်
SweSone Myanmar
www.internetpagess.blogspot.com
Marcadores:
မြန်မာစာတန်းထိုးဇာတ်ကားများ
0 coment�rios:
Post a Comment
အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်