Home » » အီလက်ထရောနစ် ပစ္စည်း အတုတွေနဲ့ အစစ်တွေကို ဘယ်လိုခွဲမလဲ

အီလက်ထရောနစ် ပစ္စည်း အတုတွေနဲ့ အစစ်တွေကို ဘယ်လိုခွဲမလဲ



အခုနောက်ပိုင်း နာမည်ကြီး အီလက်ထရောနစ် ပစ္စည်းတွေကို အတုတွေ ထုတ်လာနေကြတာရှိပါတယ်။
ဒါကြောင့် အတုနဲ့ အစစ်ကို ခွဲခြားနိုင်တဲ့ နည်းလမ်းတချို့ကို ဝေမျှချင်ပါတယ်။

အားသွင်းကြိုးပလပ်ကို စစ်ဆေးပါ။

အားသွင်းကြိုး အစစ်တွေက ဖုန်းရဲ့ အပေါက်ထဲကို ထိုးထည့်ပြီးရင် တော်ရုံနဲ့ ပြန်မထွက်ပါဘူး။ အတုတွေကတော့ ဖုန်းရဲ့ အပေါက်ထဲကနေ အလွယ်တကူ ပြန်ထွက်တာတို့၊ ကြိုးရဲ့ ခေါင်းက သာမန်ထက် ပိုရှည်နေတာတို့ စတဲ့ အသေးစိတ် အဆင်မပြေမှုတွေ ရှိနေတတ်ပါတယ်။



ဗူးပုံစံ ထုတ်ထားတာတွေကို သေချာ စစ်ဆေးပါ။

နာမည်ကြီး ကုမ္ပဏီတွေက သူတို့ ပစ္စည်းတွေကို သေချာ ထုတ်ပိုးလေ့ရှိပါတယ်။
သေချာ ထုတ်ပိုးလေ့ရှိပြီး ပစ္စည်းတွေကို ပို့ပေးတာကြောင့် ထုတ်ပိုးမှုပုံစံတွေလည်း ထိခိုက်တာမရှိပါဘူး။
ဗူးကိုထုတ်ထားတဲ့ ပလပ်စတစ်တွေ တွန့်နေတာတို့၊ ဗူးမှာရေးထားတဲ့ စာလုံးပုံစံ (fonts) တွေ တစ်ခုနဲ့ တစ်ခု မတူညီနေရင် သတိထားသင့်ပါတယ်။


 အသုံးပြုပုံနည်းလမ်း စာအုပ် (Manual) ကိုသေချာကြည့်ပါ။

နာမည်ကြီး ကုမ္ပဏီတွေက အသုံးပြုပုံနည်းလမ်း စာအုပ် (Manual) ကို အင်္ဂလိပ်ဘာသာစကား အသုံးပြုပြီး ရေးလေ့ရှိတာကြောင့် Manual မှာ အင်္ဂလိပ်ဘာသာစကားမဟုတ်ဘဲ တခြား ဘာသာစကားတွေနဲ့ ရေးထားရင် သတိပြုသင့်ပါတယ်။

ပါဝင်တဲ့ ပစ္စည်းတွေကို သေချာလေ့လာပါ။

နာမည်ကြီး အီလက်ထရောနစ်ကုမ္ပဏီကြီးတွေက အီလက်ထရောနစ် ဆက်စပ်ပစ္စည်းတွေ (ဥပမာ စမတ်ဖုန်း အားသွင်းကြိုး)တွေကို သေချာ အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လေ့ရှိပါတယ်။
အတုထုတ်တဲ့ ကုမ္ပဏီတွေကတော့ အရည်အသွေးနိမ့်တဲ့ ပလပ်စတစ်၊ သတ္တုတွေနဲ့ ပြုလုပ်ထားပါတယ်။
ဒါကြောင့် အဲ့ဒီပစ္စည်းတွေမှာ သေသပ်မှုမရှိရင် သတိထားသင့်ပါတယ်။



ပစ္စည်းတွေမှာ ရိုက်နှိပ်ထားတဲ့ စာလုံး ပုံစံ (Fonts) တွေကို သေချာ လေ့လာပါ။

အီလက်ထရော နစ်ပစ္စည်း အစစ်အမှန်တွေမှာ ထိုးထားတဲ့ တံဆိပ်တွေက သေသပ်ပြီး ဘယ်လောက်နှစ်ကြာကြာ အရောင်မမှိန်သွားပါဘူး။ တံဆိပ်တွေက ကုမ္ပဏီရဲ့ အသက်ဖြစ်နေလို့်ပါဘဲ။
ဒါပေမယ့် ပစ္စည်းအတုတွေရဲ့ တံဆိပ်တွေကတော့ ခဏလေးနဲ့ အရောင်မှိန်ပြီး စာလုံးတွေကလည်း သေသပ်မှုမရှိပါဘူး။


အားသွင်းကြိုးခေါင်းကို စစ်ဆေးပါ။

စမတ်ဖုန်းတွေ၊ Laptop တွေဝယ်ရင် အားသွင်းကြိုးခေါင်းကို စစ်ဆေးပါ။ ပစ္စည်းအစစ်အမှန်တွေက အန္တရာယ်ဖြစ်မှု နည်းအောင် ထုတ်လုပ်ထားတာကြောင့် သတ္တုပိုင်း၊ ပလပ်စတစ်ပိုင်းတွေမှာ သေသပ်ပြီး ကြိုးတစ်ခုနဲ့ တစ်ခုလည်း ဆင်တူပါတယ်။
Credit: MyTechMyanmar

ကျေးဇူးတင်ပါသည်

SweSone Myanmar

Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates