Home » » “မောင်တောက အာဆာ နဲ့ မြန်မာ အာမီ” ဘယ်လောက်အထိ သတိထား ကြောက်စရာကောင်းလဲဆိုတာ…

“မောင်တောက အာဆာ နဲ့ မြန်မာ အာမီ” ဘယ်လောက်အထိ သတိထား ကြောက်စရာကောင်းလဲဆိုတာ…




“မောင်တောက အာဆာ နဲ့ မြန်မာ အာမီ”

မြန်မာအစိုးရက အကြမ်းဖက်အုပ်စုလို့ ဒီကနေ့ အတိအလင်း ကြေညာလိုက်တဲ့ အာဆာ (ARSA) အဖွဲ့ဟာ တကယ်တော့ ရဲကင်းစခန်း ၃၀ နဲ့တကွ မောင်တောမြို့ထဲက ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ နတလရုံးနဲ့ ယာဉ်ထိန်းရဲရုံးတွေကိုပါ ဒီနေ့တစ်နေ့တည်းမှာ တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံရွယ်လှုပ်ရှားခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ အခုဆိုရင် မောင်တောဒေသမှာ ရိုးရိုးသားသား ဝမ်းစာရှာဖွေလုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့ဒေသခံ မွတ်ဆလင်တွေရော၊ ရခိုင်နဲ့ တခြားတိုင်းရင်းသားတွေပါ စိုးရိမ်စိတ်အပြည့်နဲ့ ပြေးပြေးလွှားလွှားနေကြရပြီဖြစ်ပါတယ်။ အစိုးရနဲ့နီးစပ်တဲ့ မွတ်ဆလင်ကျေးရွာခေါင်းဆောင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စာကြည့်တိုက်မှူးတွေလည်း တဖြုတ်ဖြုတ်နဲ့ အသတ်ခံနေရတာ အခုဆိုရင် အယောက် လေးငါးဆယ်အထိ ရှိလာပါပြီ။ မကြာသေးခင်ကလည်း မြိုတိုင်းရင်းသား ၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

မောင်တောမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ARSA အဖွဲ့မှာ လူအင်အား ရာဂဏန်းပဲ ရှိခဲ့တာပါ။ အခုတော့ ထောင်ဂဏန်းအထိ ကြီးထွားတောင့်တင်းနေပါပြီ။ မောင်တောမြို့ကျသွားရင်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံး အနှေးနဲ့အမြန် သိမ်းပိုက်ခံရနိုင်တာကြောင့် မောင်တောမြို့ ကျဆုံးမသွားဖို့ အရေးကြီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဟာဗျူဟာအရ အရေးပါတဲ့ ရခိုင်ပြည်နယ်ကျရှုံးသွားပြီဆိုရင်တော့ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ အချုပ်အခြာ အာဏာထိခိုက်ဆုံးရှုံးတဲ့အထိ ခြိမ်းခြောက်လာနိုင်တာကြောင့် တခြားတိုင်းရင်းသားသွေးချင်းတွေပါ သတိနဲ့ အမြော်အမြင်ရှိကြဖို့၊ စည်းစည်းလုံးလုံးရှိကြဖို့လိုတယ်လို့ မောင်တောက နိုင်ငံရေးတက်ကြွသူတစ်ဦးက ပြောပါတယ်။

သေချာတာတစ်ခုကတော့ ဒီရခိုင်ဒေသရဲ့ပဋိပက္ခဟာ တခြားတိုင်းရင်းသားနယ်မြေတွေမှာ ၁၀ စုနှစ်နဲ့ချီ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထက် ပိုရှုပ်ထွေးလာမယ့် လက္ခဏာရှိပြီး၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာဆက်ဆံရေးမှာလည်း မြန်မာအစိုးရအတွက် တဖက်သက်ထိခိုက်ဆုံးရှုံးမှုတွေချည်းသာ ရရှိစေနိုင်တယ်လို့ သူ့အယူအဆကို ပြောပြပါတယ်။ ARSA အဖွဲ့ဟာ မောင်တောကို အကြမ်းဖက်တိုက်ခိုက်ရယူဖို့ နှစ်ပေါင်းများစွာ အချိန်ယူ အကွက်ချပြီး စနစ်တကျ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာစစ်တပ်အနေနဲ့ ပေါ့ပေါ့ဆဆ မကိုင်တွယ်မိစေဖို့လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အစွန်းရောက်အဖွဲ့တွေမှာ ကျင်လည်လှုပ်ရှားခဲ့ဖူးတဲ့ ARSA အဖွဲ့ခေါင်းဆောင် အက်တာ အူလာ (Ata Ullah) အကြောင်းကတော့ မြန်မာပြည်သူအများသိပြီးသားဖြစ်မှာပါ။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ မွေးဖွားပြီး၊ ဆော်ဒီမှာ ကြီးပြင်းခဲ့သူ အက်တာအူလာ (အောက်ပုံ အလယ်လူ) ဟာ ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက တာလီဘန် စစ်သွေးကြွတွေထံမှာ ခေတ်မီပြောက်ကျားတိုက်ခိုက်ရေး သင်တန်းတွေသာမက တခြားအကြမ်းဖက်နည်း သင်တန်းတွေကို လစ်ဗျားနိုင်ငံမှာလည်း ဆည်းပူးသင်ယူလာခဲ့သူတစ်ယောက်ပါ။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မွတ်ဆလင်အများဆုံးနေထိုင်ရာ အကြီးဆုံးမြို့ဖြစ်တဲ့ မာရာဝီမြို့ကိုအပိုင်စီးပြီး တောင်ပိုင်းဒေသရဲ့ အကြီးဆုံး မန်ဒါနာအိုကျွန်းကြီးတစ်ခုလုံးကို ထိန်းချုပ်ဖို့ တွက်ကိန်းနဲ့ အဲဒီဒေသမှာ IS အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေက ပုန်ကန်လှုပ်ရှားနေသလို၊ မလေးရှားနဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း ပတ္တာနီ၊ ယာလနဲ့ နရသီဝတ် စတဲ့ နယ်မြေတွေကို သိမ်းပိုက်ရရှိဖို့ အလားတူ လက်နက်ကိုင်ဂျီဟတ်အစွန်းရောက်တွေ နေ့စဉ်နဲ့အမျှ အကြမ်းဖက်သူပုန်ထနေပါတယ်။

မောင်တောဒေသမှာ အခု ARSA အဖွဲ့နဲ့ မြန်မာတပ်မတော်တို့ ယှဉ်ပြိုင်မှု အနိုင်အရှုံးဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ် ကံကြမ္မာ၊ မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ စိုးရိမ်မှု၊ လုံခြုံမှုတွေအပါအဝင် နိုင်ငံရဲ့အချုပ်အခြာအာဏာကို အကာအကွယ်ပေးနိုင်မှုနဲ့ပါ တိုက်ရိုက်ပတ်သက်နေပါတယ်။

ကျေးဇူးတင်ပါသည်

SweSone Myanmar

Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates