မြန်မာ့စီးပွားရေးဘဏ်၏ MOBILE PAYMENT ၀န်ဆောင်မှုလုပ်ငန်း ချင်းပြည်နယ်မှအပရရှိဟုဆို
Posted by Aung Ko Latt
Posted on August 01, 2017
with No comments
မန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်နေတဲ့ Mobile Payment ဝန်ဆောင်မှုလုပ်ငန်းကို ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရရှိတယ်လို့ သိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM) နဲ့ အကျိုးတူပူးပေါင်းပြီး Mobile Payment ဝန်ဆောင်မှု လုပ်ငန်းတွေကို ချင်းပြည်နယ်မှအပ နေပြည်တော်နဲ့ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ရရှိတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်နဲ့မြို့နယ်ဘဏ်ခွဲ ၂၆၃ ဘဏ်မှာ Cash in ငွေသားလက်ခံပေးခြင်း၊ Cash out ငွေသားထုတ်ပေးခြင်း၊ Top up တယ်လီဖုန်း ပြောဆိုခ ဖြည့်တင်းပေးခြင်း၊ Pension Payment အငြိမ်းစားလစာ ထုတ်ပေးခြင်းတို့ကို အေးဂျင့်အဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစနစ်ချိတ်ဆက်ပြီးတော့ အငြိမ်းစားတွေရဲ့လစာထုတ်ယူနိုင်မယ်လို့ သိရပါတယ်။ မိုဘိုင်းဖုန်းတွေထဲမှာ အငြိမ်းစားလစာ ထည့်သွင်းပေးဖို့ Standing Instruction ပေးထားရင် ဘဏ်ကိုသွားရောက်စရာမလိုဘဲ အငြိမ်းစားဆန္ဒရှိတဲ့ ငွေပမာဏကို အလီလီ ထုတ်ယူနိုင်ကြောင်း၊ ခရီးသွားနေရင်လည်း မိမိရောက်နေတဲ့ နေရာဒေသမှာရှိတဲ့ နီးစပ်ရာမြန်မာ့စီးပွားရေး ဘဏ်ခွဲတွေမှာလည်းကောင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
MPT, MECTel ဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ အဲဒီဘဏ်ခွဲတွေမှာရှိတဲ့ Point of sale (POS) စက်တွေမှာပဲဖြစ်ဖြစ် MMM က ခန့်ထားတဲ့ ပြည်ပကိုယ်စားလှယ်တွေရဲ့ POS တွေမှာဖြစ်ဖြစ် ထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်အငြိမ်းစား လစာဖြစ်လို့ရှိရင် ခြောက်လတစ်ကြိမ်၊ မိသားစာအငြိမ်း စားလစာဖြစ်ရင် သုံးလတစ်ကြိမ်လူတွေ့စစ်ဆေးခံဖို့လိုအပ်မယ်လို့ ဆိုပါတယ်။
ကျေးဇူးတင်ပါတယ်
SweSone Myanmar
www.internetpagess.blogspot.com
Marcadores:
Tech News
0 coment�rios:
Post a Comment
အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်