Rescue Under Fire (2017)



စစ်သားတွေကို ကယ်ဆယ်ရေး လုပ်တဲ့သူတွေဟာလည်း စစ်သားတွေနဲ့ မခြား အသက်ကို ဖက်နဲ့ထုပ်ပြီး စွန့်လွှတ်စွန့်စားရတဲ့အကြောင်း ရိုက်ပြထားတဲ့ စပိန်ရုပ်ရှင် Rescue Under Fire (2017) ဟာ ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ စစ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ ဒဏ်ရာရနေတဲ့ အမေရိကန်စစ်သားတွေကို ကယ်တင်ဖို့ စပိန်တပ်ရဲ့ ညွှန်ကြားမှုနဲ့ ဟယ်လီကော်ပတာဆေးတပ်တွေ စေလွှတ်လိုက်ပါတယ်။ ခေါင်းဆောင်က ကပ္ပတိန် ဗယ်ရီလာဆိုတဲ့ စပိန်စစ်တပ်က အမျိုးသမီး ဗိုလ်ကြီးပါ။ ဒဏ်ရာရထားတဲ့ တပ်သားတွေကို ကယ်တင်ဖို့ တစ်ညတာပဲ အချိန်ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာပဲ တာလီဘန်တွေ အုပ်လိုက်ကြီး သူတို့ကို ၀ိုင်းထားလိုက်တဲ့အခါမှာတော့ သူတို့လည်း ထွက်မရ၊ ကာကွယ်ရေးတပ်တွေလည်း ၀င်မရနဲ့ ချောင်ပိတ်မိကုန်ပါတော့တယ်။ စပိန်နိုင်ငံက ရိုက်တဲ့ ရုပ်ရှင်မို့လို့ အမေရိကန်စစ်ကားတွေ ကြည့်ရတာ ရိုးနေတဲ့သူတွေအတွက် အပြောင်းအလဲအရသာတစ်ခုတော့ သေချာပေါက်ပေးစွမ်းနိုင်မှာပါ။

Presented and Encoded by Aung Myint Oo


DownLoad Link


ကျေးဇူးတင်ပါသည်

SweSone Myanmar

Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates