Home » » Poltergeist (2015) မြန်မာစာတမ်းထိုး

Poltergeist (2015) မြန်မာစာတမ်းထိုး


သုဿန်မြေမှာ ဆောက်ထားတဲ့ အိမ်တစ်လုံး၊ ထိုအိမ်ကို ပြောင်းလာတဲ့ မိသားစု၊ လူသူမသိချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အိမ်အတွင်းမှ ဆန်းကြယ်သော ဖြစ်ရပ်များ၊ ဇာတ်လမ်းအမည်က ပုဏ္ဏကတိုက်ခံရသူများတဲ့။ ၁၉၈၂ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ပုဏ္ဏကတိုက်တဲ့ အိမ်မှာ နေမိတဲ့ မိသားတစ်စုရဲ့ ခြောက်ခြားဖွယ် ဖြစ်ရပ်ကို ၂၀၁၅ ခုနှစ်မှာ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ Poltergeist ကို ရန်ကုန်က ရုပ်ရှင်ရုံတွေမှာလည်း ရုံတင်ပြသခဲ့ဖူးပါတယ်။ ကလေးသုံးယောက်ရှိတဲ့ ဘိုဝင်တို့ မိသားစုဟာ ဈေးလည်း သင့်တင့်၊ ကျယ်လည်း ကျယ်ဝန်းတဲ့ မြို့စွန်က အိမ်တစ်လုံးကို ၀ယ်ယူခဲ့ပါတယ်။ သူတို့မသိခဲ့တာက အဲဒီနေရာဟာ တစ်ခါတုန်းက သုဿန်ကြီးတစ်ခု ဖြစ်ခဲ့တယ် ဆိုတာပါပဲ။ သူတို့ အိပ်ပျော်နေတဲ့ ညအချိန်ဆို အိမ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်တွေ ဖြစ်လာတတ်တယ်။ ပထမဆုံး ရိပ်မိတဲ့သူက အလတ်ကောင် ဂရစ်ဖင်က လူကြီးတွေကို ပြောပြဖို့ ကြိုးစားပေမယ့် ဘယ်သူမှ ဂရုစိုက် နားမထောင်ခဲ့ကြတော့ သူ့ဘာသာ ကြိတ်မှိတ်နေလိုက်ရတယ်။ မိဘတွေ အပြင်သွားနေချိန် တစ်ညမှာတော့ မောင်နှမသုံးယောက်လုံး ဆန်းကြယ်တဲ့ အဖြစ်ကို ကြုံကာ အငယ်ဆုံး သမီးလေး မက်ဒီကို ပရလောကသားတွေက ဖျားယောင်းခေါ်ဆောင်သွားပါတော့တယ်။ သားသမီးဇောကပ်သွားတဲ့ ဘိုဝင်တို့ လင်မယားနှစ်ယောက် ပရလောကနဲ့ ဆက်သွယ်ဖို့ ကြိုးစားတဲ့အခါ ပိုမို ထူးဆန်းခြောက်ခြားဖွယ်ရာ အဖြစ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။

Ref-Gole Channel


Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates