Home » » The Warriors Gate (2016) - မြန်မာစာတန်းထိုး

The Warriors Gate (2016) - မြန်မာစာတန်းထိုး


The Warriors Gate (Enter the Warriors Gate) ဇာတ်ကားဟာ 2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action ကား တစ်ကားဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းက - Jack Bronson ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ Video Game ကို အရူးအမူးဆော့တဲ့ သူတစ်ယောက်ပါ ... နောက်ပြီး ကျောင်းမှာ အမြဲတမ်းအနိုင်ကျင့်ခံရတဲ့သူဖြစ်သလို အပေါင်းအသင်းလည်း သိပ်မရှိပါဘူး ... သူ့ရဲ့ အခင်မင်ရဆုံး အပေါင်းအသင်းက ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ မစ္စတာချန်ဆိုတဲ့ တရုတ်လူမျိုး တစ်ယောက်ပါ ... နောက်ပြီး Jack က မစ္စတာချန်ရဲ့ဆိုင်မှာ အလုပ်ကူလုပ်နေတဲ့သူပါ ... တစ်ရက် သူ့ကျောင်းက Travis တို့အုပ်စုက အနိုင်ကျင့်လို့ ပြေးရင်း သူ့ရဲ့ တစ်ဦးတည်းသော အပေါင်းအဖော်ဖြစ်တဲ့ မစ္စတာချန်ဆီ ရောက်လာပါတယ် ... မစ္စတာချန်ဟာ သူ့အမျိုးက ပို့လိုက်တဲ့ ရှေးဟောင်းသေတ္တာတစ်ခုကို လက်ဆောင်ပေးလိုက်ရကနေ ဒီဇာတ်လမ်း စဖြစ်လာပါတယ် ... ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ စစ်သည်တော် တစ်ယောက်လို ဘယ်လိုတွေဖြစ်လာပြီး တရုတ်နိုင်ငံရဲ့ ဧကရာဇ်ဘုရင်မနဲ့ ဘယ်လိုအကြောင်းဆုံမလည်း ဆိုတာ ကြည့်ရမှာဖြစ်ပါတယ် ...  

 Rating ကတော့ IMDb မှာ 5.3, Rotten Tomatoes မှာ 43% ရရှိထားပါတယ် ...


Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates