Home » » သင့်ကလေးကိုဆေးတိုက်ဖို့ အခက်တွေ့နေရင် . . .

သင့်ကလေးကိုဆေးတိုက်ဖို့ အခက်တွေ့နေရင် . . .





..................................#ထူးဒါလီကိုကို (MPharm)
 ကလေးငယ်တွေကို ဆေးတိုက်ရတာ မိဘတွေအတွက် မလွယ်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်နေပါတယ်။ ဒီအတွက် အထောက်အကူပြုစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်နှာအမူအယာမပျက်ပါနဲ့
 ကလေးငယ်လေးတွေက ဆေး သောက်ရတော့မယ်ဆိုရင် မိဘတွေရဲ့ မျက်နှာရိပ်၊ မျက်နှာကဲကို ကြည့်တတ်တာမို့ မိဘတွေအနေနဲ့ စိုးရိမ်ပူပန်ကြောင့် ကြနေတဲ့အသွင် မဖြစ်စေဖို့ အရေးကြီး ပါတယ်။ ဆေးသောက်တာက ကြောက်စရာ မဟုတ်ဘူးဆိုတဲ့ အသိကို ကလေးမှာ ရှိသွားဖို့ လိုအပ်ပါတယ်။

(၂) အကျိုးသင့်အကြောင်းသင့် ရှင်းပြပါ
 နားလည်နိုင်တဲ့ အရွယ်ရောက်လာတဲ့ ကလေးတွေကိုတော့ သူတို့ ဘာကြောင့် ဆေးသောက်ရတယ်ဆိုတာ ရှင်းပြပေးပါ။ တိရစ္ဆာန်လေးတွေ နေမကောင်းလို့ ဆေးတိုက်ဖို့လိုတဲ့အခါ သင့် ကလေးကို တိုက်ခိုင်းတာမျိုး လုပ်ပေးတာကလည်း သင့်ကလေးကို ဆေးမကြောက်စေတော့ပါဘူး။

(၃) ရွေးချယ်ခိုင်းပါ
 တချို့ဆေးတွေမှာ အနံ့၊ အရသာ၊ အရောင်အစုံ ထုတ်ထားတာမျိုးရှိရင် ကလေးတွေကို သူတို့ကြိုက်တာ ရွေးချယ် ခိုင်းလိုက်ပါ။

(၄) အစားအစာနဲ့ရောကျွေးပါ
 ဆေးပြားဆိုရင် ထုချေပြီးတော့ ဖြစ်ဖြစ်၊ ဆေးတောင့် Capsule ဆိုရင် Capsule ကို ဖွင့်ပြီး အမှုန့်တွေကိုဖြစ်ဖြစ် ကလေးကြိုက်တဲ့ မုန့်အချိုတစ်မျိုးမျိုး ထဲမှာရောပြီးတိုက်လို့ရပါတယ်။

(၅) လျှာကိုလှည့်စားပါ
 ဒါကတော့ ကလေးကို ဆေးတိုက် မယ့်ဇွန်းကို ချော့ကလက်ရည်ထဲ အရင်နှစ်ပြီးမှ ဆေးထည့်တိုက်ရင် လျှာက ချော့ ကလက်ရဲ့ ချိုတဲ့အရသာကိုပဲရပြီး ဆေးတိုက်ရလွယ်ကူနိုင်ပါတယ်။ ဒါမှမဟုတ် ကလေးကို ဆေးတိုက်ပြီးတာနဲ့ ချိုတဲ့မုန့် တစ်ခုခု စားစေတာ၊ ဆေးမသောက်ခင် သကြားလုံး အရင်ကြိုစားခိုင်းထားတာတွေ လုပ်လို့ရပါတယ်။

(၆) ဆုချပါ
 ကလေးက ဆေးသောက်ပြီးတိုင်း သူဆေးသောက်တဲ့ရက်တွေကို ပြက္ခဒိန်မှာ စတစ်ကာတွေကပ်ပေးတာမျိုးလုပ်လို့ရပါတယ်။ ဒါမှမဟုတ်လည်း ကလေး ကြိုက်တတ်တဲ့အရုပ်တွေဝယ်ပေးတာ လုပ်လို့ရပါတယ်။

(၇) ဆေးကိုမျိုချတတ်အောင်သင်ပေးပါ
 ဆေးလုံးကို မျိုချတတ်အောင် သင်ပေးဖို့ ကလေးရဲ့အသက်က အနည်းဆုံး လေးနှစ်ပြည့်ရပါတယ်။ အရင်ဆုံး ချော့ကလက်ဖြစ်ဖြစ်၊ သကြားလုံးဖြစ်ဖြစ်ကို အတုံးသေးသေးလေးတွေတုံးပြီး အတုံးသေးသေးလေးတစ်ခုကို အရင်မျိုချကြည့်ခိုင်းပါ။ နောက်တစ်ခုက ဂျယ်လီ အအေးထဲမှာ ဆေးကိုထည့်ပြီး ဂျယ်လီ အအေးကို သောက်ချသလိုမျိုး ဆေးကိုပါရောပြီး သောက်ချကြည့်ခိုင်းပါ။ တစ်ခါတည်းနဲ့ ရချင်မှ ရမှာမို့ ကလေးအပေါ် စိတ်ရှည်ပေးပါ။

 ကလေးတွေက အရွယ်ရောက်လာတဲ့အခါမှာတော့ ဆေးသောက်တာဟာ အရေးကြီးကြောင်း နားလည်လာပါလိမ့်မယ်။ ဒီအခါမှာ ဆေးလုံး၊ ဆေးတောင့်တွေကို မျိုချနိုင်အောင် ကြိုးစားကြပါလိမ့်မယ်။ ဒီအချိန် မရောက်ခင်မှာတော့ မိဘတွေက နည်းလမ်းမျိုးစုံရှာကြံပြီး ချော့မော့ ဆေးတိုက်ပေးပါ။

#ထူးဒါလီကိုကို (MPharm)
Good Health Journal 651


ကျေးဇူးတင်ပါတယ်

SweSone Myanmar

www.internetpagess.blogspot.com




Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates