Home » » H1N1 ဘယ်လိုကာကွယ်မလဲ

H1N1 ဘယ်လိုကာကွယ်မလဲ





အခုရက်ပိုင်းတွေမှာတော့ ဘယ်ကိုကြည့် ကြည့် mask လေးတွေနဲ့ မြင်နေရပါ တယ်။ Facebook ရဲ့ စာမျက်နှာတွေမှာ လည်း flu ဆိုတဲ့စကားလုံးတွေပဲ တွေ့နေ ရပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့တ တွေကို H1N1 ဆိုတဲ့ တုပ်ကွေးရောဂါဟာ ခြောက်လှန့်နေပါပြီ။ ဘယ်မှာတော့ ဘယ် နှယောက် ဖြစ်လို့တဲ့၊ ဘယ်မှာတော့ ဘယ်နှယောက် သေသွားပြီစတဲ့ သတင်း တွေနဲ့ ပြည်သူတွေမှာ ကျီလန့်စားစားဖြစ် နေရပါတယ်။ H1N1 အပြင် H2N3, H5N1 ဆိုတာတွေပါတွေ့လာရတော့ ပိုဆိုးနေပါပြီ။
.
.
မိသားစုဝင်တစ်ယောက်ယောက်က တုပ်ကွေးမိနေတဲ့အခါ ကျန်တဲ့သူတွေဟာ mask ကိုလည်း သေချာတပ်ဆင်မယ်၊ လက်ဆေးတဲ့အကျင့်လည်းရှိမယ်၊ ဖျားနေတဲ့ သူနဲ့လည်း သိပ်နီးနီးကပ်ကပ် နေတာမျိုးလည်း မလုပ်ဘူးဆိုရင် မိသားစု ဝင်တွေကို ပြန့်ပွားနိုင်နှုန်း ၆၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ပါတယ်။
.
.
ဒါပေမယ့် အမြဲတမ်း တပ်နေရမှာကတော့ စိတ်ရှုပ်စရာပါပဲ။ တကယ်လည်းအမြဲတပ် နေဖို့ မလိုပါဘူး။

ဘယ်လိုအချိန်တွေမှ တပ်ရမလဲ?

-တုပ်ကွေးဖြစ်နေတဲ့ လူနာကို ပြုစုဖို့ဖြစ် စေ၊ အနားကပ်ရတဲ့အခါမှာ ဖြစ်စေ အနည်းဆုံး ၆ ပေအကွာလောက်ထိ နီး ကပ်ရတော့မယ်ဆိုရင် တပ်ပါ။

-တုပ်ကွေးမဖြစ်နေပေမယ့် အသက်ရှူ လမ်းကြောင်းနဲ့ပတ်သက်ပြီး ရောဂါတစ်ခု ခုဖြစ်နေတဲ့လူနာတွေကို ညနဘကူငဖနမ စက် တွေ တပ်ပေးတဲ့အခါတွေမှာလည်း mask တပ်ဆင်ဖို့လိုပါတယ်။

-ကိုယ်တိုင်တုပ်ကွေးမိနေပြီဆိုရင်လည်း တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ၊ ဆေးခန်းသွားတဲ့အခါ၊ အပြင်ထွက်ရတဲ့ အခါတွေမှာ တပ်ဆင်ရပါမယ်။ ဒါမှ ကိုယ့် ဆီကနေ သူများဆီ မကူးစက်တော့မှာပါ။

-နောက်တစ်ခုကတော့ ကိုယ်ကနေ ကောင်းနေပေမယ့် အိမ်သားတစ်ယောက် ယောက်က တုပ်ကွေးဖြစ်နေတယ်ဆိုရင် လည်း အပြင်သွားတဲ့အခါ mask တပ် သွားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ ရောဂါပိုးကူးစက်နေပေမယ့် လက္ခဏာ မပြသေးတာဖြစ်နိုင်လို့ပါ။

-ကိုယ့်အနီးပတ်ဝန်းကျင်မှာ swine flu ဖြစ်နေပြီဆိုရင်လည်း လူအုပ်ထဲသွားတဲ့ အခါ mask တပ်ဆင်ရပါမယ်။

-mask တပ်ထားတယ် ဆိုပြီးတော့လည်း ပေါ့ပေါ့တန်တန်မနေပါနဲ့။ ခုနပြောခဲ့တဲ့ လက်ဆေးတဲ့အမူအကျင့်တွေကလည်း အရေးကြီးပါသေးတယ်။ ကိုယ်ကနေမ ကောင်းရင်တော့ တတ်နိုင်သမျှ အိမ်မှာ နေတာ အကောင်းဆုံးပါပဲ။

-mask မတပ်မခင်မှာ လက်ကိုသေချာ ဆေးပါ။ ဝတ်ထားတဲ့အချိန်မှာရော၊ ပြန်ဖြုတ်တဲ့ အချိန်မှာပါ mask ရဲ့ အပြင် ဘက်မျက်နှာစာကို လက်နဲ့မထိအောင် သတိထားသင့်ပါတယ်။

-တစ်ခါသုံး mask တွေဖြစ်တဲ့အတွက် အသုံးပြုပြီးတာနဲ့ လွင့်ပစ်ပါ။ ပြီးရင် လက်ကို စင်ကြယ်စွာဆေးကြောပါ။
.
.
အခုဖြစ်ပွားနေတဲ့ H1N1 အပါအဝင် တုပ်ကွေးတွေဟာ ချောင်းဆိုး၊ နှာချေလိုက် တဲ့ အမှုန်အမွားတွေ အသက်ရှူလမ်း ကြောင်းကနေတဆင့် ဝင်ရောက်ကူးစက် တတ်တာမို့ ဖြစ်နိုင်ရင် လူထူထပ်တဲ့နေ ရာတွေမသွားဘဲ အိမ်မှာ နားနေပါ။ မဖြစ်မနေသွားရရင်လည်း mask လေးအုပ်ပြီး သွားစေချင်ပါတယ်။ ချောင်းဆိုး၊ နှာချေတဲ့ အခါမှာလည်း လက်ကိုင်ပဝါကို သတိတရ အသုံးပြုသင့်ပါတယ်။ ဒါမှ ကိုယ့်မှာရှိတဲ့ ရောဂါပိုးတွေ တခြားသူတွေဆီ မကူးစက် တော့မှာဖြစ်ပါတယ်။
.
.
ခက်တာက ဈေးကွက်ထဲမှာအလွယ်ရ နေတဲ့ surgical mask တွေရဲ့လေဝင် ပေါက်လေးတွေကို H1N1 virus က ဝင်ရောက်နိုင်တဲ့အတွက် အကာအကွယ် မဖြစ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် နောက် ဆုံးလေ့လာတွေ့ရှိချက်တွေအရ H1N1 ဟာ large droplets လေးတွေကြောင့် ကူးစက်တာဖြစ်ပြီး small droplets တွေကြောင့် မဟုတ်ပါဘူး။ ဒီလို large droplets တွေကြောင့်သာဆိုရင် သာမန် surgical mask တွေကလည်း ကာကွယ် နိုင်ပါတယ်။ N95 respirator ကတော့ သေးငယ်လှတဲ့ အမှုန်အမွှားတွေထိ ကာကွယ်နိုင်တာပါ။
.
.
ဒါကြောင့် ရောဂါပိုး ရှိတဲ့လူနာတွေကို အနီးကပ်ကုသနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ ဆောက် လုပ်ရေးလုပ်ငန်းခွင်က အင်ဂျင်နီယာတွေ အတွက်ပဲ ပိုသင့်တော်ပါတယ်။
.
.
နောက်တစ်ခုက ဒါကိုတပ်ဆင်ထားတဲ့သူ ဟာ N95 respirator ကဖြတ်လာတဲ့ လေကိုပဲရှူရတာပါ။ ပုံမှန် mask တွေလို ဘေးကဝင်တဲ့လေတောင်မရှိတဲ့အတွက် နှလုံးရောဂါ၊ အဆုတ်နဲ့ အသက်ရှူလမ်း ကြောင်းရောဂါရှိတဲ့သူတွေအတွက် လုံးဝ အဆင်မပြေပါဘူး။ surgical mask ပဲဖြစ်ဖြစ်၊ N95 respirator ပဲဖြစ်ဖြစ် ရောဂါပိုးကို အပြည့်အဝ မကာကွယ်နိုင် ပါဘူး။ ဒါကြောင့် N95 ကြီး မတပ်ရလို့ လည်း စိတ်ဓာတ်မကျပါနဲ့။ Surgical mask ကို အခုရေးသားဖော်ပြ ထားသလို စနစ်တကျတပ်ဆင်ပြီး တခြားလိုက်နာ စရာအချက်တွေအတိုင်းနေရင် သေချာ ပေါက် safe ဖြစ်မှာပါ။
.
.
အခုတော့ ရန်ကုန်က ဆေးရုံကြီးတွေ မှာရှိတဲ့ Admin တွေ ဆေးရုံအတွက် လိုအပ်တဲ့ N95 respirator တွေကို CMSD မှာ သွားရောက်ထုတ်ယူနိုင် တယ်လို့ သိရပါ တယ်။ နေပြည်တော်က ပို့လိုက်တာ ဖြစ်ကြောင်း သတင်းရရှိထား တာပါ။
.
.
မေတ္တာဖြင့်...
ဒေါက်တာစိမ့်

အသေးစိတ်ကို ဗုဒ္ဓဟူးနေ့ ထုတ် Good Health Journal တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။



ကျေးဇူးတင်ပါတယ်

SweSone Myanmar

www.internetpagess.blogspot.com




Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates