Q: သွေးပေါင်ကျတတ်တဲ့သူတွေ ဘာ တွေစားသင့်သလဲ။
Posted by Aung Ko Latt
Posted on August 02, 2017
with No comments
၁။ ရေများများသောက်ပေးပါ။ အရက် သောက်တာလျှော့ပါ(အရက်ကရေ ဓာတ်ဆုံးရှုံးစေပြီး သွေးပေါင်ပိုကျ စေပါတယ်။)
၂။ ရေဓာတ်ဖြည့် အချိုရည်သောက် ပေးပါ။
၃။ Carbohydrates များတဲ့ အာလူး၊ အီ တလီခေါက်ဆွဲ၊ ထမင်းနဲ့ပေါင်မုန့် တွေလျှော့စားပြီး Protein များတဲ့ ကြက်သား၊ ငါးတွေ ပိုစားပေးပါ။
၎။ နွားနို့သောက်ပေးပါ။
၅။ ဒိန်ခဲစားပေးပါ။
၆။ စပျစ်သီးခြောက်စားပေးပါ။
၇။ ဗာဒံစေ့၊ သီပိာုဠ်စေ့စားပေးပါ။
၈။ ပဲအမျိုးမျိုး စားပေးပါ။
၉။ Dark Chocolate စားပေးပါ။
၁၀။ မုန်လာဥနီဖျော်ရည် သောက်ပေးပါ။
၁၁။ ကော်ဖီသောက်ဖို့တော့ တချို့သု တေသနတွေကပြောပေမယ့် ရေ ရှည်အတွက်တော့ မကောင်းပါဘူး။
Q: မနက်စောစောစီးစီးမှာ ဘာတွေစား ကြမလဲ။
.
.
ကျွန်တော်တို့ပြောပြောနေတဲ့ "မ နက်စာကို ဘုရင်လိုစား" ဆိုတဲ့ အတိုင်း အခုနောက်ပိုင်း လူတော်တော်များများ က မနက်စာကို သတိထားစားလာကြ ပါတယ်။ ကောင်းကောင်းစားဆိုပေမယ့် ကယ်လိုရီကန့်သက်ချက်လေးနဲ့တော့ စားဖို့လိုပါတယ်။ မနက်စာကို ကယ်လို ရီ ၄၀၀-၅၀၀ စားပေးဖို့လိုပါတယ်။
မြန်မာ့အစားအစာတွေဖြစ်တဲ့ မုန့်ပာင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ စတာတွေ ကို ရံဖန်ရံခါစားလို့ရပါတယ်။ အမြဲတမ်း တော့ စားလို့အဆင်မပြေပါဘူး။ အချို မှုန့်တွေ ဆီတွေအရမ်းများတဲ့ အတွက် ကြောင့်ပါ။
ဆီကြော်တွေဖြစ်တဲ့ စမူဆာ၊ အီ ကြာကွေး၊ ပလာတာ၊ အကြော်စုံ စတာ တွေကတော့ တက်နိုင်သလောက်ရှောင် ပေးပါ။
စားသင့်တာတွေကတော့ ကျွန် တော်တို့ မြန်မာလူမျိုးတွေ အစားများတဲ့ ကောင်ညှင်းပေါင်း၊ ထန်းသီးမုန့် စတဲ့ မြန်မာ့ရိုးရာအစားအစာတွေ၊ ပေါင်မုန့်၊ ဒိန်ခဲ၊ Oatmeal ၊ ကွေကာအုပ်၊ ကြက်ဥ ပြုတ်၊ ပဲနို့၊ နို့ချောကလက်၊ လိမ္မော်သီး ဖျော်ရည် စတာတွေအပြင် အသီးအနှံ တစ်မျိုးမျိုး ဥပမာ-ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးစတာတွေပါ ထပ်ထည့်စားပေး ပါက စိတ်ကြည်လင်တက်ကြွစေပါတယ်။
မနက်စာကို စနစ်တကျ ရွေးချယ်စား သောက်ပြီး တက်ကြွလန်းဆန်းတဲ့နေ့ ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။
.
.
ဒေါက်တာညီညီကျော် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်)
အသေးစိတ်ကို ဗုဒ္ဓဟူးနေ့ ထုတ် Good Health Journal တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ကျေးဇူးတင်ပါတယ်
SweSone Myanmar
www.internetpagess.blogspot.com
Marcadores:
ကျန်းမာရေး
0 coment�rios:
Post a Comment
အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်