Home » » နေမာနေရာ အစားထိုးရန် ဒီဘားလားကို ဘာစီလိုနာပရိသတ်များ အလိုလားဆုံးဖြစ်

နေမာနေရာ အစားထိုးရန် ဒီဘားလားကို ဘာစီလိုနာပရိသတ်များ အလိုလားဆုံးဖြစ်




ဘာစီလိုနာအသင်းပရိသတ်များသည် တိုက်စစ်မှူးနေမာ၏နေရာကို အစားထိုးရန် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို အလိုလားဆုံးဖြစ်နေကြောင်း သိရှိရသည်။

AS သတင်းစာက ဂရစ်ဇ်မန်း၊ ဒီဘားလား၊ ကော်တင်ဟို၊ ဘာပေတို့ထဲမှ မည်သူ့ကို အလိုလားဆုံးဖြစ်သနည်းဟု ပရိသတ်များထံ ဆန္ဒမဲကောက်ခံခဲ့ရာ ဒီဘားလားကို အများဆုံးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပရိသတ်(၄၀၀၀၀)ကျော်က ဆန္ဒမဲပေးခဲ့ကြရာတွင် ဒီဘားလားကို ရွေးချယ်သူ (၃၇ %) ဂရစ်ဇ်မန်းကို ရွေးချယ်သူ (၂၇%) ရှိခဲ့ပြီး ကော်တင်ဟိုမှာ ဆန္ဒပြုသူ အနည်းဆုံးဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။

ကျွမ်းကျင်သူများကမူ ဒီဘားလားကို ဂျူဗင်တပ်စ်အသင်းက ရောင်းချရန် ဆန္ဒမရှိသည့်အတွက် ဘာစီလိုနာအသင်း ခေါ်ယူနိုင်ဖွယ်မရှိဘဲ မိုနာကိုအသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ထားသည့် ဘာပေကိုသာ ရီးယဲလ်နှင့်အပြိုင် ကြိုးပမ်းသင့်သည်ဟု သုံးသပ်ထားသည်။

ဘာစီလိုနာအသင်းကမူ လက်ရှိအချိန်တွင် ဒေါ့မွန်အသင်းမှ ဒမ်ဘီလီကို ဦးစားပေးပစ်မှတ်အဖြစ် ကြိုးပမ်းလျက်ရှိနေကြောင်း သိရှိရသည်။

Photos: Independent

Eleven Sports


ကျေးဇူးတင်ပါတယ်

SweSone Myanmar

www.internetpagess.blogspot.com




Share this article :

0 coment�rios:

Post a Comment

အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်

 
Copyright © 2015 My Channel
Distributed By Gooyaabi Templates