နေမာကို အပြီးသတ်ခေါ်ယူစာချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း PSG အသင်း ကြေညာ
Posted by Aung Ko Latt
Posted on August 03, 2017
with No comments
PSG အသင်းသည် ဘာစီလိုနာအသင်း မှ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို ယူရို (၂၂၂) သန်းဖြင့် ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ပြီး ခဲ့သည့်ရက်ပိုင်းကတည်းက အတည်ပြုထား ပြီးဖြစ်သလို၊ အသင်းနှစ်သင်းကြား သဘောတူညီမှုလည်း ရရှိထားပြီးဖြစ်သည်။
သို့သော် တရားဝင်ငွေပေးချေမှု ပြုလုပ်ချိန်၌ လာလီဂါဘောလုံးအဖွဲ့ ချုပ်က လက်ခံခြင်းမရှိသည့်အတွက် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ရသည်။
လာလီဂါအဖွဲ့ ချုပ်ဥက္ကဋ္ဌ တီဘက်စ်က PSG အသင်းအနေ ဖြင့် ယခုလို ငွေကြေးပမာဏမျိုး သုံးစွဲနိုင်သည်မှာ မဖြစ်သင့်ကြောင်းနှင့် ဥရောပဘော လုံးအဖွဲ့ချုပ်မှချမှတ်ထားသော ဘဏ္ဍာရေး သာတူညီမျှစည်းမျဉ်းကို ချိုးဖောက်ရာရောက်နေသည့်အတွက် လက်မခံနိုင်ကြောင်း တုံ့ ပြန်ခဲ့သည်။
ထို့ကြောင့် နေမာ၏ ရှေ့နေအဖွဲ့သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ ၀င်ရောက်ဖြေရှင်းပေးရန် အကူအညီတောင်းခံရမည့်အခြေအနေအထိ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းက PSG အသင်း၏ပြောင်းရွှေ့ကြေးကို လက်ခံခဲ့ ကြောင်း သိရှိရသည်။
ထို့ကြောင့် နေမာသည် PSG အသင်း နှင့် အပြီးသတ်စာချုပ်ချုပ်ဆိုရန် လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်လီဂူးပြိုင်ပွဲ၏ ၂၀၁၇-၁၈ ရာသီသစ် မှာ ယခုတစ်ပတ် စတင်မည်ဖြစ်ပြီး PSG အသင်းသည် တန်းတက်ကလပ် အာမီယန်စ် အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
နေမာသည် ရာသီအဖွင့်ပွဲမတိုင်မီ PSG အသင်း၏ ကစားသမားသစ်အဖြစ် မိတ်ဆက်မှု ပြုလုပ်မည်ဖြစ်သော်လည်း အဖွင့်ပွဲတွင် ပါဝင်ကစားဖွယ် မရှိသေးကြောင်း သိရှိရသည်။
PSG အသင်းသည် နေမာကို ခေါ်ယူရန်အတွက် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်း ပေးချေခဲ့ရသလို၊ တစ်ပတ်လုပ်ခ ယူရို (၈၆၅၀၀၀) ပေးချေရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
နေမာသည် PSG အသင်းတွင် ကျောနံပါတ်(၁၀)ကို ၀တ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
နေမာက မိမိ ဥရောပသို့ ရောက်ရှိကတည်းက PSG အသင်းသည် ရည်မှန်းချက်ကြီးမားသည့် အသင်းတစ်သင်းဖြစ်သည်ကို သိရှိခဲ့ကြောင်း နှင့် ပရိသတ်များအတွက် အကောင်းဆုံးပေး ဆပ်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Photos: PSG
ကျေးဇူးတင်ပါတယ်
SweSone Myanmar
www.internetpagess.blogspot.com
Marcadores:
Sports
0 coment�rios:
Post a Comment
အဆင်မပြေပါက Comment တွင်ရေးသားခဲ့နိုင်ပါသည်